This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, February 23, 2013

နာရီ ၄၀ မနားတမ်း ဗီဒီယိုဂိမ်းကစားသဖြင့် သေဆုံး

ထိုင်ဝမ်တွင် နာမည်ကျော် အွန်လိုင်းဂိမ်းတစ်မျိုးဖြစ်သည့် Diablo 3 ဂိမ်းကို အင်တာနက်ကဖေးဆိုင်တွင် နာရီ ၄၀ မ ထ
တမ်းကစားခဲ့သည့် လူငယ်တစ်ယောက်သည် သေဆုံးသွားကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခုမှ သတင်း ထုတ်ပြန်
ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ချူအန်းအမည်ရှိ လူငယ်တစ်ယောက်သည် ထိုင်ဝမ်တောင်ပိုင်း တိုင်နန်း ရပ်ရှိ အင်တာနက် က
ဖေးဆိုင်တစ်ခုအတွင်းနှစ်ရက်တိုင် အစာလည်း ထမစား တစ်နေကုန် ကစားနေသဖြင့် ထိုသို့  အသက် ဆုံးရှုံး ရခြင်းဖြစ်
သည်ဟုသတင်းတွင်ဖော်ပြထားသည်။

ထိုလူငယ် ကို ဆိုင်ဝန်ထမ်းတစ်ဦးက နံနက်ခင်း တွင် ထိုင်ခုံ၌ အိပ်ပျော်သလိုဖြစ်နေသည့် အနေ အထားဖြင့် တွေ့ ရှိခဲ့ရ
ကြောင်း၊ သူက သွားနှိုး လိုက်သည့်အခါတွင် ထပြီး တစ်လှမ်း နှစ်လှမ်းလမ်းလျှောက် ပြီးမှ လဲကျ သေဆုံးသွားခြင်းဖြစ်
ကြောင်း သိရသည်။

ဆေးရုံသို့ အမြန်ပို့သော်လည်း  ဆေးရုံအရောက်တွင် သေဆုံးနေပြီဖြစ်သည်။  ရဲတပ်ဖွဲ့ မှ ရင်ခွဲရုံ သို့ အလောင်းကို ပို့ပြီး
သေဆုံး ရခြင်း အကြောင်းနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း၊  နာရီပေါင်း များစွာ ခွေခေါက် ထိုင်ပြီး ကစား နေခြင်း
ကြောင့်အပြင်နှလုံးရောဂါအခံကြောင့် သေဆုံးဖွယ်ရှိသည်ဟု ယူဆနေကြသည်။

မကြာသေးမီ ကလည်း နယူးတိုင်ပေ တွင် လူငယ် တစ်ဦးသည် ၂၃ နာရီတိုင် ဂိမ်းကို မရပ်မနားကစားပြီး ကီးဘုတ်ကို
လက်လှမ်းနေသည့် အနေ အထားဖြင့် သေဆုံးသွား ခဲ့ကြောင်း၊ ထို လူငယ်ကိုလည်း နှလုံးရောဂါကြောင့်ပင် သေဆုံးခဲ့
ရကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအ လုပ် ရှင် လင်မယားက ရေနွေး ပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှု ကယ်ဆယ်ရေးဌာနက ပြောပါ တယ်။ 
 
ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီသူတွေက သူ တို့ရဲ့ လူမှုကယ်ဆယ်ရေး ဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့တာလို့ ကမ်ဖိုင် ဖစ်မြို့ လူမှု ၀န်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
 
အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူ နဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆားရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ် လုပ်နေ စဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင်သွားပြီး အိမ်ကနေ ဘယ်မှပေးမသွား ဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့အတွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေး လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေး ခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။ 
 
ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ သြဇာကြီးမားမှုကို ကြောက်ြ ပီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်းဆိုရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ် သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။
 
ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင် ဖစ်မြို့ မဟာချိုင်ရပ်ကွက် အမှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင် ပွန်းဖြစ် သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။ 
 
ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောေ လာ ဆယ် အာမခံငွေ ဘတ် ၇ သိန်းနဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ် ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက် တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမားဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်း ဌာနကို ပြောကြား သွားပါတယ်။
နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက် (အင်္ဂါနေ့)
Photo courtesy: Thairath