Saturday, April 20, 2013

(မြန်မာနိုင်ငံတွင် လူသိနည်းနေသေးသော ဖြစ်ရပ်မှန်များ)

Htin Lin Oo
(မြန်မာနိုင်ငံတွင် လူသိနည်းနေသေးသော ဖြစ်ရပ်မှန်များ)
ရခိုင်ပြည်အတွင်း၊ ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့်၊ နတ်မြစ်အရှေ့ဘက်ကမ်း ”ကြားဒေသ” ကို “မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်” တောင်းဆိုခဲ့ဖူးသည်။
1951 ဇွန်လတွင်၊ “အလယ်သံကျော်”ရွာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည့် “မွတ်ဆလင်ညီလာခံ” ၏ တောင်းဆိုချက်(၁၄) ချက်တွင်၊
“ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ၊ မွတ်ဆလင် ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်” တောင်းဆိုခဲ့ဖူးသည်။
1966 တွင် “ကာဆင်”၏ မွတ်ဆလင်လက်ကျန်များ ပြန်လည်လှုပ်ရှားလာသည့်အခါ၊ ထိုမူဂျာဟစ်တို့၏ နည်းဗျူဟာသစ်ကို ဦးဆောင်အကောင်ထည်ဖေါ်ခဲ့သူ ဖဆပလအမတ်ဟောင်း (ကျန်းမာရေးဝတ်ကြီးဟောင်း) စူလတန်မာမွတ်နှင့် ၎င်းနောက်ကွယ်ရှိ မော်လ၀ီဆရာများ ၏ အဓိက ရည်ရွယ်ချက်မှာ၊ . . “မေယုကမ်းသွယ် ( မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်၏ အနောက်ဘက်ခြမ်း) တစ်ခုလုံးကို အာကစ္စတန်(Arkistan) အမည်ဖြင့် နိုင်ငံသစ်တစ်ခု ထူထောင်ရန် ဖြစ်ခဲ့သည်။

0 comments:

Post a Comment