Saturday, April 20, 2013

ဒါလေးတော့ဖတ်စေချင်ပါတယ်..........

U Aung Hlaing U
မြန်မာပြည်မှာ ဘယ်သူမှ လူမျိုးမတူ တာနဲ့ မမုန်းပါဘူ။ (သူ့ နိုင်ငံမှာပဲ သူနေရင်ပေါ့။) ဘာသာ မတူတာလဲ မမုန်းပါဘူး။ (သူ့ဘာသာ သူ ကိုးကွယ်နေ ရင်ပေါ့။) ဒါပေမဲ့ ကိုယ်နိုင်ငံ ထဲ ကို တိုင်းတပါးသားတွေ ကျူးကျော်လာရင်၊ ကိုယ့် ဘာသာ ထဲ တခြားဘာသာ အယူဝါဒတွေ သွပ်သွင်း ၀ါဒဖြန့်လာရင်။ ကိုယ်နိုင်ငံ ထဲ မှာ နေပြီး ကိုယ့် မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို လက်မခံပဲ တသီးတခြား တိုင်းတပါး ယဉ်ကျေမှု တွေ ပေါ်ပေါ်ထင်ထင် တင်သွင်း လာရင် မုန်းမုန်း၊ မမုန်းမုန်း (လူများစုက) လက်မခံ နိုင်ကြပါဘူး။ ဒါ ကိုယ်က ရန်လိုတာ လဲ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်ကို၊ ကိုယ့် ဘာသာ တရားကို၊ ကိုယ့် ယဉ်ကျေးမှု ကို ရန်စ ခံရတာပါ။
အာဖဂန်တို့ ပါကစ္စတန် မှာ လဲ ဌာနေ လူမျိုးတွေ (အများစု) က (ယခင် ဗုဒ္မဘာသာ ၀င် အများစု ရှိနိုင် ခဲ့ သော်လဲ) လက်ရှိ အချိန်မှာ အစ္စလာမ်တွေ ဖြစ်နေတော့ ကျန် ဘာသာတွေ ကို ဧည့် သည် လို့ပဲ သတ်မှတ်ကြ ပါတယ်။ ဥရောပ နဲ့ အမေရိက မှာလဲ (လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိတယ် ဆိုသ်ာလဲ) ခရစ်ယာန် နိုင်ငံ တွေ လို့ သူတို့ကို သူတို့ သတ်မှတ်ကြတယ်။ (ခရစ်ယာန် ဒီမို ကရက်တစ် ပါတီ၊ အစ္စလာမ်မစ် ပါတီ စသဖြင့် အမည်တပ်တာတွေ ရှိပါတယ်။) နိုင်ငံ တကာ ဓလေ့ လို့တောင် ပြောနိုင် ပါတယ်။ အဲဒီ့ (အစ္စလာမ်) နိုင်ငံတွေမှာ ဗုဒ္မဘာသာ ကို ဌာနေ မသတ်မှတ် လို့ ရှေးဟောင်း ရုပ်ပွားတော်တွေ ကိုတောင် ဖျက်ကြသဗျ။ (ယခု ပဋိပက္ခတွင် ဗလီများ အဖျက်ခံ ရသည်ကို ထောက် ခံနေ တာ မဟုတ်ပါ။)
မြန်မာပြည်တွင်းရှိ ဘာသာကြီး ၄မျိုးမှာ ဗုဒ္မဘာသာ၊ ခရစ်ယာန် ဘာသာ နဲ့ ဟိန္ဒူဘာသာ ကိုးကွယ် ကြသူ မြန်မာပြည်သား တွေ ကြားမှာ (ကွဲပြားမှုမရှိ ပူးပေါင်း ညီညွတ်နေပြီး) Homogeneous ဖြစ် နေ တော့  ဘာသာရေး ပဋိပက္ခ မရှိတာ တွေ့ရ ပါတယ်ဗျာ။ မြန်မာ လူမျိုးတွေ ဘာသာခြားတိုင်း ကို ရန်လိုနေ တာတော့ မဟုတ် ပါဘူး။
နိုင်ငံတိုင်း တွင် ခိုင်မြဲနေသော ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများ ရှိနေ ပါသည်။ ထို ယဉ်ကျေးမှု ဓလေ့ ထုံးစံများနှင့် အညီ နေထိုင် နိုင်ခြင်းဖြင့် သာ (Cultural Shock) ပဋိပက္ခ များ လျှော့နည်း ပါမည်။ လက်ရှိ မြန်မာ-မွတ်စလင် ပြသနာ ကို ကြည့်ရင် ရှေးရိုးဆန်တဲ့ (Conservative Society အများ စု ရှိ) မြန်မာပြည်မှာ Form ပုံစံ ကလဲ နှစ်ဖက်လုံး အတွက် ပြသနာ ရှိပါတယ်။ လူနည်းစု က Adaptation မရှိရင် ဒီပြသနာ မပြေလည် နိုင်ပါဘူး။ ဘာသာ ၂ခုရဲ့ Norm, Value, Custom Culture က တော်တော် ဆန့် ကျင် ဘက် ဖြစ်နေပါ တယ်။ အထူးသဖြင့် အစ်နေ့မှာ (ဘာသာရေး အကြောင်းပြပြီး) နွားတွေ အစုလိုက် အပြုံလိုက် အသတ် ခံနေရ တာ ဟာ မြန်မာပြည်သူတွေ စိတ် မချမ်း သာ ကြ ပါဘူး။ မြန်မာတွေ က နွား ကို မိတ်ဆွေလို့ သဘောထား တာပါ။ အစ္စလာမ် နိုင်ငံ အမည်ခံထားတဲ့ (မလေးရှား၊ အင်ဒို နီးရှား၊ ဆော်ဒီ စတဲ့ အစ္စလာမ် မစ် အမည်ခံ) နိုင်ငံတွေ မှာတောင် ဒီနွား သတ်တာကို မလုပ်ကြ ပါဘူး။ ဒီကြားထဲ စအိုမာ ဘင်လာဒင် ပေါ် လာတော့ မြန်မာပြည်နေ အစ္စလာမ် ဘာသာဝင် တွေ ကြားမှာ (နဂိုထဲက မြန်မာနဲ့ သွင်ပြင် လက္ခဏာ မတူရ တဲ့ အထဲ) မုတ်ဆိတ် ထား တာတွေ ခေတ် စား လာတယ်။ မွတ်စလင် နံမယ်တွေ ခေတ် စား လာ တယ်။ ခေါင်းမြီခြုံ တွေ ပေါ လာပါတယ်။
ဒီတော့ ဗုဒ္မဘာသာ တွေကလဲ (ဗုဒ္မံ၊ ဓမ္မံ၊ သံဃံ အစား) ၉၆၉ ရေး တာ၊ ၉၆၉ ကို အားပေးဘို့ စည်းရုံးတာ တွေ ရှိလာတယ်။ အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင်ရွက် နိုင်ပါသည်။ ၉၆၉ ကို လက်မခံသူ များ လက်မခံ ပိုင်ခွင့် ရှိပါသည်။ လက်ခံသူများ လက်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် ၉၆၉ သည် (အခြား ဘာသာဝင် များအား) အကြမ်း ဖက်ရန် လှုံဆော်ခြင်း မဟုတ်ပါ။ (အကြမ်း ဘက် လို သူ များ သည် မည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေ အကြမ်းဖက် လိုစိတ် များ ရင်တွင်း ကိန်းအောင်းနေ သူများ ဖြစ် ပါသည်။) ၉၆၉ ကို အကြမ်းဖက် မှုနဲ့ ပေါင်း မြင် တာ၊ ပေါင်း ပြောတာ ဟာ ဥာဏ်မမီ တဲ့သူတွေပါ။ သူတို့ ကိုယ်တိုင် အစွန်းရောက် အမြင် ရှိနေတာပါ။ ထို့ကြောင့် လူတိုင်း လွတ်လပ် စွာ ရွေးချယ် ပိုင်ခွင့် ရှိပါသည်။ ကျွန်တော့ သဘောထား က အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင် ရွက် ခြင်း ကို ထောက်ခံ ပါသည်။ အကြမ်းဖက်ရန် (အကြမ်း ဖက်ခြင်း ကို) တော့ မထောက်ခံ ပါ။ တောင်တော ရယ် သာ --- ဆိုပြီး သီချင်း ဆို တာကို မြောက်တော က သူတွေက ငါတို့ မြောက်တော ကို စော်ကား တာ ပဲလို့ အဓိပ္ဖာယ် ဖွင့် တတ်တာ တော့ ဘယ်သူ့ အပြစ်လဲ ဆိုတာ ပညာသတိနဲ့ ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။
မြန်မာပြည်မှာ ဘာသာ ပေါင်းစုံက လွတ်လပ်စွာ ကိုးကွယ် ခွင့် ရပြီး သား ပါ။ ဒါပေမဲ့ မြန်မာပြည် မှာ မွေးပြီး အနောက်တိုင်း ယဉ်ကျေးမှု (၀တ်စား ဆင်ယဉ်မှု က အစ) ကို တရားလွန် ကျင့်သုံး လာရင် မြန်မာ အများစု အမြင်မှာ (မြန်မာ အချင်း ချင်းတောင်) ကြည့် မရပါဘူး။ ဒီတော့ မြန်မာ ပြည်မှာ မွေးတဲ့ မြန်မာ မွတ်စလင်များက (ပြည်ပက) မွတ်စလင် ဓလေ့ထုံးစံတွေကို ဘာသာရေး အကြောင်းပြပြီး မတင်သွင်းလာဘို့ လိုပါတယ်။
ဒီတော့ လက်ရှိ ပဋိပက္ခကို ရေရှည် အတွက် အဖြေရှာမယ် ဆိုရင် အမျှော်အမြင်ရှိတဲ့ ဆရာချယ် (မြန်မာ မွတ်စလင် ရှေး လူကြီးတွေ) စကား ကို  မွတ်စလင်တွေ လိုက်နာစေချင်တယ်။
""ဆရာချယ်"" - """ မွတ်စလင်များ မြန်မာ နိုင်ငံ သားဟု ကိုယ့်ကိုယ်ကို ခံယူပါက  မြန်မာနဲ့ တူအောင် (Homogeneous) နေကြ ပါ။"""
""ရန်ကုန်တွင် နေလျှင် ရန်ကုန် ဓလေ့၊ မကွေး တွင် နေ လျှင် မကွေး ဓလေ့၊ မန္တလေး၊ မြစ်ကြီး နား၊ တောင်ကြီး၊ စသည့် နေရာဒေသ အလိုက် ဓလေ့ များ အပြင် လူမျိုးစု အလိုက် ဓလေ့များ၊ ကို လိုက်လျှော ညီထွေ နေ ထိုင်ကြ ရ ခြင်းကို ဆိုလိုပါသည်။ ဘင်္ဂလီ ဓလေ့များ၊ အာရပ် ဓလေ့များ၊ ကို မြန်မာ့ ဓလေ့တွင် စာရင်း မသွင်း ပါ"""

""ရန်ကုန်တွင် နေလျှင် ရန်ကုန် ဓလေ့၊ မကွေး တွင် နေ လျှင် မကွေး ဓလေ့၊ မန္တလေး၊ မြစ်ကြီး နား၊ တောင်ကြီး၊ စသည့် နေရာဒေသ အလိုက် ဓလေ့ များ အပြင် လူမျိုးစု အလိုက် ဓလေ့များ၊ ကို လိုက်လျှော ညီထွေ နေ ထိုင်ကြ ရ ခြင်းကို ဆိုလိုပါသည်။ ဘင်္ဂလီ ဓလေ့များ၊ အာရပ် ဓလေ့များ၊ ကို မြန်မာ့ ဓလေ့တွင် စာရင်း မသွင်း ပါ""

0 comments:

Post a Comment