ဘလော့ဂါဆိုတာဘာလဲနဲ့
ပတ်သက်ပြီး တခြားဘလော့ဂါတွေရေးထားတာကို လိုက်ဖတ်ကြည့်တော့
ကိုယ်ရေးဖို့တောင် မကျန်လောက်အောင် စုံစုံလင်လင် ရေးထားကြတာကိုတွေ့ရတယ်။
ကိုယ့်ခံယူချက်နဲ့ကိုယ် ဘလော့ဂါရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားကြတာတွေ့တယ်။
ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်ုး့
"ဘလော့ဂါ"ဆိုတာကို ကျွန်မရဲ့ခံယူချက်နဲ့ကျွန်မ အချက်အလက်တချို့ကို
ချရေးလိုက်ပါတယ်။ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့
ရင်တွင်းခံစားချက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဘလော့ဂါဆိုတာ.....
(၁) ဘလော့ဂ်ပေါ်မှာ စာရေးနေသူပါ။
(၂) ကိုယ့်ရဲ့အသိပညာ၊ အတွေ့အကြုံ၊ စိတ်ခံစားချက်ကို ဘလော့ဂ်ပေါ်မှာ မျှဝေသူပါ။
(၃) တစ်နေ့ ပို့စ်တစ်ပုဒ်နှုန်း (ကျော်ရခွရပါစေ) ဘလော့ဂ်ပေါ် ရေးတင်ချင်နေသူပါ။
(၄) တစ်နေ့ပို့စ်တစ်ပုဒ်နှုန်း ရေးမတင်ရရင် လာရောက်သူတွေကို အားနာသလိုလိုဖြစ်တတ်သူပါ။
(၅) ဝေဖန်၊ ကဲ့ရဲ့၊ ပြစ်တင်တာတွေကို ခံနိုင်ရည်ရှိသူ၊ ကြိုဆိုသူပါ။
(၆) အားပေးစကား၊ ချီးကျူးစကားတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံရယူသူပါ။
(၇) တစ်ခါတလေ သိသလို တတ်သလိုနဲ့ တစ်ခါတလေမှာ အကူအညီမဲ့တတ်သူပါ။
(၈) ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို၊ စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ။
(၉) စာဖတ်သူတွေ ဘလော့ဂ်ထဲပျော်ပျော်လာပြီး (တစ်စုံတစ်ခုကိုယူပြီး) ပျော်ပျော်ပြန်သွားစေချင်သူပါ။
(၁ဝ) ............ ဒီဘလော့ဂါအတွက် အကြံဉာဏ်လေး ထားခဲ့ကြပါ..... ကျေးဇူးတင်ပါတယ်း)

0 comments:
Post a Comment