Saturday, February 23, 2013

မြန်မာဘဏ်အချို့အားအမေရိကန်အစိုးရငွေကြေးဆက်သွယ်ဆောင်ရွက် ခွင့်ပြုခြင်းနှင့်ပါတ်သက်၍

မြန်မာဘဏ်အချို့အားအမေရိကန်အစိုးရငွေကြေးဆက်သွယ်ဆောင်ရွက်
ခွင့်ပြုခြင်းနှင့်ပါတ်သက်၍
.........................................................................................

ယခုကိစ္စအတွက်ဆွေးနွေးငြင်းခုန်စရာရှိကောင်းရှိနိုင်ပါသည်။
MEN မှရိုးရိုးရှင်းရှင်းအမြင်တစ်ခုတင်ပြလိုသည်။

အစိုးရဘဏ်နှစ်ခုဖြစ်သော MEB နှင့် MFTB ပါဝင်ပြီး MICB မပါဝင်သည်
ကိုတွေ့ရှိရပါသည်။ရှင်းပါသည်အစိုးရလုပ်ငန်းတွေမှာ US စိးပွားရေးလုပ်
ငန်းရှင်တွေပါဝင်ဆောင်ရွက်တော့မည်ဖြစ်သည်။ဝေးလံခေါင်းပါးသည့်
နေရာတွေမှာတောပြည်တွင်းဘဏ်ခွဲရှိတာ MEB ပဲရှိပါသည်။မြန်မာနိုင်ငံ
၏ကုမ္မဏီပိုင်ရှင်တိုင်း Account ဖွင့်ထားရတာက MFTB ဖြစ်ပါသည်။

ယခင်အစိုးရနှင့်နီးစပ်သူများဆိုပြီးခရိုနီတံဆိပ်ကပ်ခံထားရသောဦးတေဇ
နှင့်ဦးဇော်ဇော်တို့၏ AGD နှင့် ဧရာဝတီဘဏ်များလည်းပါဝင်ခဲ့ပါသည်
အဆိုပါဘဏ်နှစ်ခုပါဝင်လာမှုနှင့်ပါတ်သက်ပြီး၎င်းတို့၏ဘဏ်လုပ်ငန်း
အနေနှင့်ဗဟိုဘဏ်၏တင်းကျပ်သောစည်းမျည်းများအတိုင်းဆောင်ရွက်
ရသောကြောင့်အထူးဝေဖန်စရာမရှိပါ..ပြည်တွင်းဘဏ်တိုင်းဗဟိုဘဏ်၏
ကြီးကျပ်မှုအတိုင်းနေရသည်။
အဆိုပါဘဏ်နှစ်ခုအားတည်ထောင်ခဲ့သူနှစ်ဦး၏လက်ရှိနေထိုင်ပုံနှင့်
လည်းသက်ဆိုင်ပါမည်။၎င်းတို့၏အတိတ်အတွက်ဝေဖန်ခံနေရသော်လည်း
မြန်မာလူမျိုးများပီပီလက်ရှိအချိန်တွင်အကောင်းဆုံးအစိုးရ၊အတိုက်အခံ
မခွဲခြားပဲတိုင်းပြည်အတွက်အကျိုးပြုလုပ်ငန်းများတွင်အားတက်သရော
ဆောင်ရွက်ခဲ့ကြသည်။အခြားသူများကဲ့သို့ချမ်းသာပြီးပိုက်ဆံခြစ်ကုတ်
ထားခြင်းမရှိသည်ကိုသတိပြုမိစရာရှိသည်။

US အစိုးရ၏ဆောင်ရွက်မှုအားကြိုဆိုပါသည်။ထပ်မံကျန်ရှိနေသောပိတ်
ဆို့မှုများဆက်လက်ဖြေလျော့ပေးနိုင်ဖို့မျှော်လင့်မိပါသည်။

TEAM-MEN

0 comments:

Post a Comment