Saturday, March 2, 2013

ကဲစာဖတ်ကြမယ်



စာအုပ်များအခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု ။။။
------------------------------------------------------
ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလိုစာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာစာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု( ၁၈ ) လို့ပြောတာပဲ နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲကတချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါအဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်လိုလိုမယ်မယ် ပေါ့ ..ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ

၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာခေါင်းစဉ်ခွဲ ၉၆ ခုရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ်

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်..ကိုယ့်ရဲ့ PDA IPod Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါးကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာကိုလေ့လာချင်သူများအတွက် အထူးသင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကိုလေ့လာချင်သူများအတွက် အထူးသင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများရင်းနှီးမှာပါ မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် ..ဒါအပြင့် အဲဒီ့ ဆိုဒ်မှာကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog
ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ်

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebookတွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကိုရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာစာအုပ်တွေ တခြားဘက်တွေ ကစာအုပ်တွေကိုရောရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်းအပေါ်ကဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကိုရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာပိုင်းဆိုင်ရာစာအုပ်တွေကိုရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာပိုင်းဆိုင်ရာစာအုပ်တွေကိုရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူးထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် ..စာရေးဆရာနာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ်

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲရှိတ်စပီးယား ကြိုက်တာလားရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ်

၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကိုသူကဏ္ဍကလေးတွေ နဲ့သူခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

စာအုပ်တွေကိုတော့ Online မှာတခြားနေရာကဆိုဒ်တွေမှာလည်းရှာနိုင်ပါတယ် ကျွန်တော်အနေနဲ့
လည်းအဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘောကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်းအလွယ်တကူရှာတဲ့ အခါမှာအကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက်

REF :
http://www.hongkiat.com/
မောက်ခပညာရေးမှ ပြန်မျှဝေတာပါ။


0 comments:

Post a Comment